skip to main |
skip to sidebar

6:29 PM

Waa Haa Haa
No comments

မတ် ၆၊ ၂၀၁၂
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ရမည်ဟု ဒေသခံများကို ခြိမ်းခြောက်ပြောဆိုသည့်
မန့်ပန်ဌာနေ ပြည်သူ့စစ်ခေါင်းဆောင်ကို အရေးယူပေးရန် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) က ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့
တိုင်ကြား ထားသည်။အခြားပါတီများကို မဲထည့်လျင် ရွာမှနှင်ထုတ်ခြင်း၊
နေအိမ်မီးရှို့ခြင်းတို့ ခံရမည်ဟု ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊
မိုင်းရယ် မြို့နယ်များတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့ အထိ
ရွာလုံးကျွတ် အစည်းအဝေးများ ခေါ်ယူပြီး ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မွန်းက
ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ကျားဖြူပါတီမှ တောင်ကြီးမြို့နယ် ဥက္ကဌ
စောယွန်းပိုင်က ပြောသည်။
“သူတို့ကို အတိုက်အခံတွေလဲ သွားလုပ်လို့
မဖြစ်သေးဘူးလေ။ ဒီကိစ္စကို ကော်မရှင်အဖွဲ့က ဖြေရှင်းပါလိမ့်မယ်။
ကျွန်တော်တို့အနေနဲ့ ဘာမှလုပ်လို့မရဘူး။ ကိုယ့်ဟာနဲ့ကိုယ်
စည်းရုံးရမှာပေါ့။” ဟု စောယွန်းပိုင်က ပြောသည်။
ယင်းခြိမ်းခြောက်မှုကြောင့် ဒေသခံများအား မဲဆွယ်စည်းရုံးရာတွင် အနှောင့်အယှက် ဖြစ်နေသည်ဟုလည်း သူက ဆက်ပြောသည်။
မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ စတင် တိုင်ကြားခဲ့ရာ
အထက်ကော်မရှင်အဆင့်ဆင့်သို့ ဆက်လက် တိုင်ကြားရန် မြို့နယ်ကော်မရှင်က
ညွှန်ကြားသဖြင့် ယခုလ ၃ ရက်နေ့၌ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံ တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲရက် နီးလာပြီဖြစ်သောကြောင့် အမြန်ဆုံးနှင့်
အထိရောက်ဆုံး ဖြေရှင်းပေးရန် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို
ကျားဖြုပါတီက တောင်းဆိုထားသည်။
ရှမ်းပြည်နယ်၌ ပြည်သူ့လွှတ်တော်
တစ်နေရာနှင့် အမျိုးသားလွှတ်တော် တစ်နေရာ လစ်လပ်လျှက်ရှိပြီး ကျားဖြူပါတီ၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အဓိက ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
မက်စင်ဂျာဂျာနယ်
0 comments:
Post a Comment