Sunday, 18 March 2012 10:07... | ||
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ပေါ်ပေါက်ရေး အတွက် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူနိုင်ရန် အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေ (Anti- Corruption Law) အား ပြင်ဆင်ရေးဆွဲရေးနှင့် ဥပဒေပြဋ္ဌာန်းပြီးနောက် ဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အဆုံးအဖြတ် ခံယူသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့နောက် မတ်လ ၁၆ ရက်နေ့ တွင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းအဆိုကို တင်သွင်း၍ ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုအတည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြကာ အဆုံးအဖြတ် ခံယူသွားမည်ဖြစ်သည်။ http://www.news-eleven.com/index.php?option=com_content&view=article&id=12833:2012-03-18-03-46-10&catid=42:2009-11-10-07-36-59&Itemid=112 |
0 comments:
Post a Comment