မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Sunday, March 11, 2012

မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၂၀၀၀ ပြည့်နှစ်တွင် အမြင့်ဆုံးလိုငွေ ၇ ဒသမ ၆၆ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း သိရ

Sunday, 11 March 2012 13:44   ...
မြန်မာနိုင်ငံ၏ ဘတ်ဂျက်နှင့် ဂျီဒီပီအချိုးမှာ ၁၉၉၀ ပြည့်နှစ် မတိုင်မီက ပျမ်းမျှ ၅ ရာခိုင်နှုန်းကျော်သာ ရှိသော်လည်း ၂၀၀၀ ပြည့်နှစ်တွင် အမြင့်ဆုံးလိုငွေ ၇ ဒသမ ၆၆ ရာ ခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။

၂၀၁၁-၂၀၁၂ BE တွင် တစ်နိုင်ငံလုံး စုစုပေါင်းလိုငွေမှာ ကျပ် ၂၂၀၁ ဘီလျံ ဖြစ်သော်လည်း ၂၀၁၂ -၂၀၁၃ BE တွင် တစ်နိုင်ငံလုံး စုစုပေါင်းလိုငွေမှာ ကျပ် ၄၂၃၃ ဘီလျံ ဖြစ်ကြောင်း သိရှိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီ၏ အစီရင်ခံစာတွင် “၂၀၀၁ ခုနှစ်မှစ တင်၍ လိုငွေအချိုးများကို လျှော့ချခဲ့ရာ ၂၀၀၁ မှ ၂၀၁၀ ပြည့်နှစ်ကြားတွင် လိုငွေ နှစ်ရာခိုင်နှုန်းခန့်သာ ရှိပါသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်တွင် လိုငွေ ၁ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ နောက်ဆုံးရေးဆွဲခဲ့သည့် ဘတ်ဂျက်ဖြစ်သော ၂၀၁၁-၂၀၁၂ BE  တွင်မှ ၄ ဒသမ ၇၉ ရာခိုင် နှုန်းသို့ တိုးမြှင့်ခွင့်ပြုခဲ့သည်ကို တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။ 

ထို့ပြင် အစီအရင်ခံစာတွင် “စီးပွားရေးဆိုင်ရာ သီအိုရီများအရ နိုင်ငံတစ်ခု စီးပွားရေး ကျဆင်းနေချိန်တွင် တိုးတက်စေရန်အတွက် အစိုးရ၏ အသုံးစရိတ်ကို မြှင့်တင်ခြင်းဖြင့် လိုငွေဘတ်ဂျက် (Deficit Budget) ကို ဖြစ်ပေါ်စေပြီး စီးပွားရေးတိုးတက် တည်ငြိမ်နေချိန်တွင် ညီမျှချေဘတ်ဂျက်(Balanced Budget) (သို့) ပိုငွေဘတ်ဂျက်(Surplus Budget) ကို ဖြစ်ပေါ်စေပါသည်။ သို့ရာတွင် စီးပွားရေး တိုးတက်လိုသောကြောင့်  ရင်းနှီးမြှပ်နှံမှုကို တိုးမြှင့်စေရန် အစိုးရ၏ အသုံးစရိတ်ကို မြှင့်တင်ခြင်း သည် ကြွေးမြီများကို မြင့်မားစေခြင်း အပြင် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်စေတတ်သည်ကို သတိပြုရမည်ဖြစ်ပါသည်။ အထူးသဖြင့် စီးပွားရေးစီမံ ကိန်းများ၏ စွမ်းဆောင်ရည် နိမ့်ကျပါက အကျိုးသက်ရောက်မှု နည်းပြီး စီးပွားရေးတိုးတက်မှု မျှော်မှန်းသလောက် မရရှိနိုင်ပါ”ဟု ဖော်ပြထားသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=12738:2012-03-11-07-17-14&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes