မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Thursday, February 2, 2012

မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရ

Wednesday, 01 February 2012။     ။
မြန်မာနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်း ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အများဆုံးချေးယူခဲ့သည့် နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက'' နိုင်ငံတော်မှရယူခဲ့တဲ့ ပြည်ပချေးငွေများကို ကြည့်မယ်ဆိုရင် ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနဲ့ ၁၉၈၈ခုနှစ် နောက်ပိုင်းချေးငွေများအဖြစ် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။၁၉၈၈ ခုနှစ်မတိုင်မီ ရယူခဲ့တဲ့ ပြည်ပချေးငွေအများစုကတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေများနဲ့ နှစ်နိုင်ငံအစိုးရများအကြား ချေးငွေများဖြစ်ပြီး ပေးဆပ်ရန်ကျန်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄၀၈.၃၄၈သန်း ဖြစ်ပါတယ်။ ချေးငွေများ ပေးဆပ်ရန် ကျန်ရှိနေခြင်းမှာ အဆိုပါနိုင်ငံနှင့် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ချေးငွေနှင့်အကူအညီပေးမှုများရပ် ဆိုင်းခဲ့ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ဖွံဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါတယ်။ ယခု အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး နိုင်ငံတကာဆက်ဆံရေးများ တိုးချဲ့ဆောင်ရွက်လျက်ရှိသဖြင့် မြီရှင်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ကြွေးမြီပြသနာများဖြေရှင်း ရေးကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ယခုဆိုလျှင် ဂျပန်နိုင်ငံ အီတလီနိုင်ငံတို့နှင့် ကြွေးမြီကိစ္စကို စတင် ညှိနှိုင်းနေပြီဖြစ်ပါတယ်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရယူခဲ့ သော ချေးငွေအများစုမှာ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံတော်စီမံကိန်းများအတွက် ချေးယူခဲ့တဲ့ ဘဏ်ချေးငွေများဖြစ်ပြီး ပေးဆပ်ရန် ကျန်ငွေကတော့ အမေရိကန် ဒေါ်လာ ၂၆၁၄.၉၅၀ သန်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေနှစ်ရပ်ပေါင်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ပေးဆပ်ရန် ရှိပါတယ်။ နိုင်ငံတော်၏ နိုင်ငံခြားရန်ပုံငွေ အခြေအနေမှာ ယနေ့အချိန်တွင် အမေရိကန်ဒေါ်လာ ၇၁၉၆.၄၅၄ သန်း ရှိပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
၁၉၈၈ခုနှစ်မတိုင်မီ ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၈၈.၃၂၀ ဖြစ်ကြောင်း သိရှိရသည်။
၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ပေါင်း ၂၁၃၁.၇၄၄ ဖြစ်ကြောင်း သိရသည်။
၁၉၈၈ခုနှစ်မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများ
အမေရိကန်ဒေါ်လာသန်းပေါင်း
အေဒီဘီချေးငွေ
၃၅၆.၉၃၅
အိုင်ဒီအေချေးငွေ
၈၀၀.၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ
၅၃.၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ
၅၈၄.၇၂၈
ဂျပန်နိုင်ငံမှချေးငွေ
၆၃၈၈.၃၂၀
ကနေဒါနိုင်ငံမှချေးငွေ
၈.၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ
၎.၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ
၈၄.၀၀၆
အီတလီနိုင်ငံမှချေးငွေ
၆.၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ
၉.၇၅၆
နော်ဝေနိုင်ငံမှချေးငွေ
၃၇.၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ
၃၇.၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ
၃၆.၅၅၂
ပေါင်း
၈၄၀၈.၃၄၈

၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများ
အမေရိကန်ဒေါ်လာသန်းပေါင်း
အိုပက်ချေးငွေ
၂၂.၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ
၁၁၀.၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ
၅၀.၂၇၇
ဂျပန်နိုင်ငံမှချေးငွေ
၆၈.၅၃၆
ထိုင်းနိုင်ငံမှချေးငွေ
၆၃.၄၂၀
မလေးရှားနိုင်ငံမှချေးငွေ
၁၅၀.၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ
၁၇ .၉၃၆
တရုတ်နိုင်ငံမှချေးငွေ
၂၁၃၁ .၇၄၄
စုစုပေါင်း
၂၆၁၄ .၉၅၀

http://www.news-eleven.com/index.php?option=com_content&view=article&id=12187:2012-02-01-10-07-09&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes