မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Friday, February 3, 2012

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ နေရာလေးနေရာ ၀င်ရောက်ယှဉ်ပြိုင်မည်

Weekly Eleven, Feb 1, 2012 ။   ။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ နေရာလေးနေရာ ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ဝင်ရောက် ယှဉ်ပြိုင်သွားမည့် နေရာလေးနေရာနှင့် ကိုယ်စားလှယ်လောင်းများမှာ အမျိုးသားလွှတ်တော်  ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ မဲဆန္ဒနယ်အတွက် ဦးစိုင်းစံမင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အတွက် ဦးမာ ကြင်၊ ပြည်သူ့လွှတ်တော် ရှမ်းပြည်နယ် ကလောမြို့နယ် မဲဆန္ဒနယ်အ တွက်စ၀်သာဦး၊ ပြည်သူ့လွှတ်တော် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မဲဆန္ဒနယ်အတွက် ဦးစောသန်းတင့်အောင် တို့ဖြစ်ကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တွင် အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဦးစိုင်းအိုက်ပေါင်းက ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ပါတီတည်ထောင်ချိန်မှ စတင်ပြီးပါတီရုံးချုပ်ကိုရန်ကုန် မြို့တွင်ထားရှိခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပါတီရုံးချုပ် ကို တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့ပါ  သည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နေရာများ အတွက် ကိုယ်စားလှယ်လောင်း ၁၅၉ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၅၇ ဦး အနိုင်ရရှိခဲ့သည်။ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကျင်းပသွားမည့် မဲဆန္ဒနယ်မှာ ၄၈ နေရာဖြစ် သည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12183:2012-02-01-09-15-20&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes