မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Friday, February 10, 2012

နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးသုတေသနလုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှု ဆောင်ရွက်နေကြောင်း သိရ

Wednesday, 08 February 2012 14:14    
နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ္စည်းများ စီမံထိန်းသိမ်းရေး သုတေသနလုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်နေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

နျူးကလီးယားဆိုင်ရာ သုတေသနသနလုပ်ငန်းများအနေဖြင့် ဓာတ် ရောင်ခြည်တိုင်းတာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ နျူကလီးယား စက်ကိရိယာပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများ Non Destructive Testing  သုတေသနလုပ်ငန်းများ၊ အစားအစာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''လေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများအနေနဲ့ကတော့ နိုင်ငံတော် အကျိုးပြုလုပ်ငန်းတွေမှာ ဘက်စုံအသုံးပြုနိုင်မယ့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ တည်ဆောက်ပြီးတဲ့လေယာဉ်တွေကိုလည်း အလိုအလျောက် ပျံသန်းမှုစနစ်နဲ့ ထိန်းကျောင်းပျံသန်းနိုင်ဖို့အတွက် လိုအပ်တဲ့ ထိန်းချုပ်မှုစနစ်တွေကိုလည်း သုတေသနပြုဆောင်ရွက် လျက်ရှိပါတယ်''ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများအဖြစ် ဇီဝနည်းပညာသုတေသန လုပ်ငန်းများ၊ နာနိုနည်းပညာ သုတေသနလုပ်ငန်းများ၊ Computer Numerical Control Machine သုတေသန လုပ်ငန်းများ၊ အင်ဂျင်ထုတ် လုပ်ရေး သုတေသနလုပ်ငန်းများ၊ ရေအားလျှပ်စစ် တာဘိုင်ထုတ်လုပ်ရေး သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးနှင့် အသုံးချရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုတေသနလုပ်ငန်းများ၊ ဒြပ်ပစ္စည်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မောင်းသူမဲ့လေယာဉ် သုတေသနလုပ်ငန်းများ၊ ကွန်ပျူတာဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း၊ ကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများကို ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် သဘာဝပတ်ဝန်းကျင် ရှိ အန္တရာယ်ရှိနိုင်သော ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်စစ်ဆေးခြင်းစသည့် လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ခေတ်မီဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးနိုင်မည့် အမျိုးသားဓာတ်ခွဲခန်းကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ၀ယ်ယူဖြည့်တင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=12274:2012-02-08-07-50-12&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes