| Sunday, 11 March 2012 15:25 ... |
| ပစိဖိတ်ဒေသအတွင်း တရုတ် သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ရန် အမေရိကန်သည် ၎င်း၏ စစ်အင်အားကို ဖြန့်ကြက်မှုအဖြစ် လာမည့်နှစ်များအတွင်း အမေရိကန် ရေတပ်သင်္ဘော ၆၀ ရာခိုင်နှုန်းအထိကို ပစိဖိတ်ဒေသတွင် တပ်စွဲထားမည်ဟု အမေရိကန် ဒုတိယကာကွယ်ရေး ၀န်ကြီး အက်ရှ်တန် ကာတာက မတ် လ ၈ ရက်တွင် ပြောကြားခဲ့သည်။ | ||||||||||||||
ဂျပန်တစ်ဝိုက်တွင် တပ်စွဲထားသော အမေရိကန် အမှတ်(၇) ရေတပ်မတော်၏ ကွပ်ကဲရေးသင်္ဘော Blue Ridge
လတ်တလောတွင် ပစိဖိတ်ဒေသတွင် အမေရိကန် ရေတပ်သင်္ဘောများမှ ၅၂ ရာခိုင်နှုန်းရှိပြီး လာမည့်နှစ်များအတွင်း လေယာဉ်တင်သင်္ဘော ခြောက်စီးအထိ ဖြန့်ချထားမည်ဖြစ်ကြောင်း Credit Suisse and Mc-Aleese and Associates က ဦးစီးပြုလုပ်သော စက်မှုကွန်ဖရင့်တစ်ခုတွင် ကာတာက ပြောကြားခဲ့သည်။ အမေရိကန် ကြည်းတပ်နှင့် မရိန်းတပ်များသည် အလှည့်ကျစနစ်ဖြင့် ပူးပေါင်းလုပ်ဆောင်နေသည့်အတွက် အာရှ- ပစိဖိတ်ဒေသအတွင်း အမေရိကန် တပ်ဖွဲ့ဝင်အင်အား လျော့နည်းနေမှုကို မြင်တွေ့ရမည် မဟုတ်ကြောင်း ၎င်း က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမားက အာရှပစိဖိတ်ဒေသကို အာရုံပြန်စိုက်မည်ဟု ဇန်န၀ါရီလတွင် ကြေညာထားသည်။ အမေရိကန်တပ်များသည် ပြီးခဲ့သောနှစ် ၆၀ အတွင်း ပစိဖိတ်ဒေသတွင်း ပဋိပက္ခများဖြစ်ပွားမှုကို ကာကွယ်ပေးရာတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ကာတာက ပြောကြားခဲ့သည်။ ယင်းအခြေအနေကို မိမိတို့ မပြောင်းလဲလိုကြောင်း၊ ယင်းကဲ့သို့ ပါဝင်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ဦးဆောင်ပါဝင်မှုမှာ မိမိတို့ ရည်မှန်းချက်ဖြစ်ကြောင်း ကာတာက ပြောကြားခဲ့သည်။ Ref: Reuters http://www.news-eleven.com/index.php?option=com_content&view=article&id=12750:2012-03-11-09-05-11&catid=49:asia&Itemid=118 |




8:53 PM
Waa Haa Haa
0 comments:
Post a Comment