မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Monday, March 19, 2012

သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကန့်သတ်၊ တားမြစ်သည့် လုပ်ငန်းအဖြစ် သတ်မှတ်နိုင်


Sunday, 18 March 2012 15:48
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် သဘာဝ အရင်းအမြစ်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကန့်သတ်သည့် သို့မဟုတ် တားမြစ်သည့် လုပ်ငန်းများ အဖြစ် သတ်မှတ်နိုင်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ သိရှိရသည်။

အဆိုပါ ဥပဒေကြမ်း၏ အခန်း (၂)၊ အပိုဒ်(၄)တွင် ကော်မရှင်သည် အစိုးရ၏ ကြိုတင်သဘောတူညီချက် ဖြင့် အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကန့်သတ်သည့် သို့မဟုတ် တားမြစ်သည့် လုပ်ငန်းများ အဖြစ် သတ်မှတ်နိုင်သည်ဟု ဖော်ပြပါရှိ သည်။

ကန့်သတ်သည့် သို့မဟုတ် တားမြစ်သည့် လုပ်ငန်းများအဖြစ် သတ်မှတ်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊ ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊  သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော လုပ်ငန်းများ၊ နိုင်ငံအတွင်းရှိ တိရစ္ဆာန်၊ ကျေးငှက်၊ ကုန်းနေရေနေသတ္တ၀ါများ၊  သစ်ပင်၊ ပန်းမန်၊ စိုက်ပျိုးသီးနှံစ သည်တို့ကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊ နိုင်ငံအတွင်းသို့ အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် လုပ်ငန်းများ၊ နိုင်ငံတကာ သဘောတူညီချက်များအရ အဆိပ်အတောက် ရှိသော  ဓာတုပစ္စည်း ထုတ်လုပ်မှုစက်ရုံများ သို့မဟုတ် အသုံးပြုသော လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေကြမ်း၏ အခန်း (၃)၊ အခြေခံမူများ အခန်းတွင် ရင်းနှီးမြှုပ်နှံမှုကိုအခြေခံမူများနှင့် အညီ ပြုလုပ်ရမည်ဟု ဖော်ပြထားပြီး အခြေခံရမည့်မူများမှာ ပြည်ပပို့ကုန် တိုးချဲ့တင်ပို့နိုင်ရေး၊ သွင်းကုန် အစားထိုး   ကုန်ပစ္စည်းများ ထုတ်လုပ်ရေး၊ ရင်းနှီး မြှုပ်နှံမှုများစွာ လိုအပ်သည့် ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်ရေး၊ အဆင့်မြင့် ကျွမ်းကျင်မှု နည်းပညာရပ်များတိုး တက်ရရှိစေရေးနှင့် အဆင့်မြင့်နည်း ပညာဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရေး၊ ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်စေရေး၊ မတည်ငွေရင်း ကြီးမားသည့် ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းများကို အထောက်အကူပြုရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ပေါ်ပေါက်ရေး၊ စွမ်းအင်သုံးစွဲမှု သက်သာစေမည့် လုပ်ငန်းများ ဖော်ထုတ်ရေး၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်သစ်များ ရှာဖွေတူးဖော်ထုတ်လုပ်ရေးနှင့် ဇီဝအခြေခံ စွမ်းအင်သစ်များ ကဲ့သို့သော ပြည်လည် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ ပေါ်ပေါက်ရေး၊ ခေတ်မီစက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးနှင့်သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ထိန်းသိမ်းရေးစသည့် အချက်များဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံသူ အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ညစ်ညမ်းမှု မဖြစ်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်းကိုလည်း ယင်းဥပဒေကြမ်း အခန်း(၇) ရင်းနှီးမြှုပ်နှံသူ၏ တာဝန်နှင့် အခွင့်အရေးများ အခန်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့် အညီ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ရေထု၊ လေထုညစ်ညမ်းမှု မဖြစ်စေရန် ဆောင်ရွက်ခြင်းမှာ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=12847:2012-03-18-09-19-51&catid=42:2009-11-10-07-36-59&Itemid=112
 

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes