မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Monday, March 19, 2012

မြန်မာနိုင်ငံ၏ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏပြ စာရင်းဇယားများ အရ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၃၉၄၇ ဒသမ ၁၄၆ ဖြင့် နံပါတ်တစ်နေရာတွင် ရှိနေ



၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏတွင် တရုတ်နိုင်ငံ က အမေရိကန်ဒေါ်လာ သန်း ၁၃၉၄၇ ဒသမ ၁၄၆ ဖြင့် နံပါတ်တစ်နေရာတွင် ရှိနေပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃၄ ဒသမ ၅၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ယင်း စာရင်းဇယားများအရ တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၃၃ ခု ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ပမာဏ အမေရိကန်ဒေါ်လာသန်း ၁၃၉၄၇ ဒသမ ၁၄၆ ဖြင့် ပထမနေရာ၌ ဦးဆောင်နေပြီး ထိုင်းနိုင်ငံမှ ကုမ္ပဏီပေါင်း ၆၁ ခုလာရောက် ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ပမာဏ အမေရိကန် ဒေါ်လာ ၉၅၆၈ ဒသမ ၀၉၃ သန်းဖြင့် ဒုတိယနေရာ နှင့် ဟောင်ကောင်မှ ကုမ္ပဏီပေါင်း ၃၈ ခု လာရောက် ရင်းနှီးမြှုပ်နှံထား ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ၆၃၀၈ ဒသမ ၄၉၅ သန်းရှိကြောင်း သိရှိရသည်။


ရင်းနှီးမြှုပ်နှံသည့် နယ်ပယ်များကို လေ့လာကြည့်ပါက စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်နေပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၈၇၃ ဒသမ ၇၂၀ သန်းဖြင့် ပထမ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ၁၃၈၁၅ ဒသမ ၃၇၅ ဖြင့် ဒုတိယ၊ တွင်းထွက်ပစ္စည်း ကဏ္ဍတွင် စုစုပေါင်းပမာဏ ၂၇၉၄ ဒသမ ၄၆၃ ဖြင့် တတိယ .  .  .
ပြည်ပ လာရောက်ရင်းနှီးမြှုပ်နှံ မှုများအနက် ရင်းနှီးမြှုပ်နှံမှုအများ ဆုံး ၁၀ နိုင်ငံမှာ တရုတ်နိုင်ငံ၊ ထိုင်း နိုင်ငံ၊ ဟောင်ကောင်၊ ကိုရီးယားသ မ္မတနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံများဖြစ်ကြောင်း သိ ရှိရသည်။

“မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထပ်တက်လာနိုင်တဲ့ အလားအလာ ရှိပါတယ်။ အိမ်နီးနားချင်း နိုင်ငံတွေကလည်း အာရုံစိုက်နေတယ်။ မလေးရှား စီးပွားရေးဝန်ကြီး ကိုယ်တိုင်သူ့နိုင်ငံမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု သွားလုပ်ဖို့ တိုက်တွန်းနေတယ်။ အဓိကအားဖြင့် highway လမ်းမတွေ၊ လေဆိပ်တွေ၊ ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ စားသုံးဆီ စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ အခြား development project တွေ၊ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကဏ္ဍတွေမှာ မြှုပ်နှံဖို့ဆိုပြီးတော့ တွန်းအားပေးနေတယ်။ စင်ကာပူကလည်း အစောပိုင်းကာလတွေမှာ ကတည်းက လာပြီးလေ့လာတဲ့ ကုမ္ပဏီတွေများတယ်။ အခုဆို စင်ကာပူက မြန်မာနိုင်ငံမှာ နံပါတ်ခြောက်အဆင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ မလေးကတော့ ခုနစ်လောက်မှာရှိတယ်။ ကိုရီးယားနိုင်ငံကလည်း စိတ်ဝင်စားမှု တော်တော်များနေတယ်” ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကုမ္ပဏီများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပြခဲ့သည်။

လတ်တလော အခြေအနေတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် ရင်းနှီးမြှုပ်နှံသည့် နယ်ပယ်များကို လေ့လာကြည့်ပါက စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်နေပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈၈၇၃ ဒသမ ၇၂၀ သန်းဖြင့် ပထမ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှုပမာဏ ၁၃၈၁၅ ဒသမ ၃၇၅ ဖြင့် ဒုတိယ၊ တွင်း ထွက်ပစ္စည်းကဏ္ဍတွင် စုစုပေါင်း ပမာဏ ၂၇၉၄ ဒသမ ၄၆၃ ဖြင့် တတိယ၊ ထုတ်လုပ်မှုကဏ္ဍတွင် ၁၇၆၀ ဒသမ ၇၀၁ ဖြင့် စတုတ္ထ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ၁၀၆၄ ဒသမ ၈၁၁ ဖြင့် ပဉ္စမ၊ အိမ်ခြံမြေကဏ္ဍတွင် ၁၀၅၆ ဒသမ ၄၅၃ ဖြင့် ဆဌမ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ မှု ၃၂၄ ဒသမ ၃၅၈ ဖြင့် သတ္တမ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ၃၁၃ ဒသမ ၉၀၆ ဖြင့် အဋ္ဌမအဆင့် ရှိနေပြီး၊ အခြားစက်မှု ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆောက် လုပ်ရေးကဏ္ဍနှင့် အခြားကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများရှိ ကြောင်း သိရှိရသည်။

“အခုဧပြီလ ၁ ရက်နေ့မှာ ငွေ လဲနှုန်းတစ်မျိုးတည်း ပေါင်းစည်းရေး ကိစ္စကို လုပ်ဆောင်သွားတော့မယ်ဆို တော့ ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံကုမ္ပဏီတွေအတွက် သူတို့ရဲ့ရင်းနှီး မြုပ်နှံမှုကို တွက်ချက်တဲ့အခါ အရင်တုန်းက တရားဝင်နှုန်းခြောက်ကျပ် အစား၊ ဈေးကွက်ပေါက်ဈေး ဖြစ်တဲ့ ကျပ် ၈၀၀ ကျော် ၀န်းကျင်လောက်နဲ့ တွက်မယ် ဆိုတဲ့အတွက် ဒီအတိုင်းမှာတော့ အဆင်ပြေသွားပါပြီ။ နောက်ပိုင်း LC ကိစ္စတွေကလည်း ဧပြီလ ကုန်လောက်မှာ အဆင်ပြေမယ့်သဘော ရှိတယ်ဆိုတော့ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု တက်လာမယ်လို့ ယူဆထားပါတယ်။ ကျန်တဲ့ကုမ္ပဏီ မှတ်ပုံတင်တာတို့၊ အခြားလုပ်ထုံးလုပ်နည်းကိစ္စ တွေဖြေလျော့ပေးမယ်ဆိုရင် ပိုပြီးတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မှာပါ”ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံ၏ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏပြ စာရင်းဇယား
နိုင်ငံ               စုစုပေါင်းကုမ္ပဏီ ပမာဏ (အမေရိကန်ဒေါ်လာသန်း)
တရုတ်          ၃၃      ၁၃၉၄၇ .၁၄၆
ထိုင်း             ၆၁      ၉၅၆၈ .၀၉၃
ဟောင်ကောင်           ၃၈     ၆၃၀၈ .၄၉၅
ကိုရီးယား                 ၄၉      ၂၉၄၁ .၂၈၉
အင်္ဂလန်                  ၅၁      ၂၆၆၀ .၅၈၈
စင်ကာပူ                  ၇၂      ၁၈၀၄ .၀၁၃
မလေးရှား                ၃၉      ၉၇၇ .၄၆၁
ပြင်သစ်         ၂       ၄၆၉ .၀၀
အမေရိကန်               ၁၅      ၂၄၃ .၅၆၅
အင်ဒိုနီးရှား               ၁၂      ၂၄၁ .၄၉၇

http://www.news-eleven.com/index.php?option=com_content&view=article&id=12843:2012-03-18-07-52-57&catid=99:2011-04-10-07-08-41&Itemid=174

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes