မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Tuesday, January 31, 2012

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ဦး ပြောင်းလဲခန့်အပ်

တနင်္သာရီတိုင်း ထားဝယ်မြို့ 
31/1/2012:     : ကျန်းမာရေးချို့ယွင်းမှုများကြောင့် ဇန်နဝါရီလ ၇ ရက်နေ့က နုတ်ထွက်ခွင့်ပြုလိုက်သည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်၏ နေရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးမြတ်ကိုအား အစားထိုး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဝန်ကြီး ဦးမြတ်ကိုအား တာဝန်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ အမိန့် အမှတ် ၅/၂၀၁၂ ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး (သို့မပာုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ(က) တို့အရ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦမြတ်ကိုအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဖော်ပြပါရှိသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည့် ဦးမြတ်ကိုသည် ဒီဇင်ဘာလအတွင်းက တနင်္သာရီတိုင်း ဒေသကြီး ခေတ္တဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
YC

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes