မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Wednesday, January 18, 2012

စဉ်းစားစရာတွေက တပုံတပင်...

အခုတလော စဉ်းစားစရာတွေ တပုံတပင် ရှိနေသည်...
နိုင်ငံရေး အပြောင်းအလဲတွေ ရှိလာပြီဟု လူအများက ယုံကြည်နေကြပြီ........
တကယ်လက်တွေ့ လည်း ဖြစ်နေသည်ဟု ယုံကြည်ရသည်.......
သို့ သော်..........
တည်ရှိပြီးသား ဥပဒေများ လုံးဝ ပြောင်းလဲခြင်း မတွေ့ ရသေးပါ...နိုင်ငံတနိုင်ငံကို တရားဝင်သော ဥပဒေများဖြင့်သာ အုပ်ချုပ်ကြသည် ဟု ကျနော် ရိုးရိုးသားသားပဲ နားလည်ပါသည်.......
သို့ ဆိုလျှင်........
တရားမျှတမှု မရှိသော ဥပဒေများကို မည်သို့  ပယ်ဖျက်ကြမည်နည်း....တရားမျှတမှု မရှိသော ဥပဒေ ဟု ဆိုရာတွင် နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ တွင် ကာလုံ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်ဖြင့် တရားဝင် အာဏာသိမ်းပိုင်ခွင့် ရှိသော ဥပဒေ ထည့်သွင်းပြဌာန်းထားခြင်းဖြစ်သည်။။။
၎င်းကဲ့သို့ သော ဥပဒေများ မြန်မာနိုင်ငံတွင် တရားဝင်တည်ရှိနေဆဲ ဖြစ်နေကြသည်ကို မြန်မာနိုင်ငံသားတိုင်း သိရှိပြီး ဖြစ်မည်ဟုလည်း ကျနော်ယုံကြည်သည်။ ဥပမာ- ၅/ည ပုဒ်မ...၅/၉၆ ပုဒ်မ........
သို့  ဒီမို ဘက်တော်သားများက တရားမျှတမှု မရှိသော ဥပဒေများကို ကြိုးစားပြီး ပျက်ဖျက်ရန် သို့ မဟုတ် ပြင်ဆင်ရေး Amendment လုပ်ခဲ့လျှင်ကော ပါလီမန် အတွင်းရှိ လက်ရှိ စစ်ဗိုလ် အမတ်များ (၂၅%) နှင့် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး များ နှင့် မြန်မာနိုင်ငံတွင် ပါဝါ အရှိဆုံးလို့  ပြောလို့ ရတဲ့ ကာလုံလို့  ခေါ်တဲ့ ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီကရော လက်ခံပါ့မလား...
စဉ်းစားစရာတွေက တပုံတပင်........
ကာလုံ၊ ၂၅% သော ပါလီမန် စစ်ဗိုလ်များနှင့် အငြိမ်းစား ဗိုလ်ချုပ် များက လက်မခံဘူး ထင်တယ်ဟု ယခုအချိန် ကျနော်က ပြောလျှင် အနူတ်လက္ခဏာဆန်သည်......
အပြုသဘောမဆန်ဟု ကျနော့်ကို ကင်ပွန်းတပ်ကြမည်မှာ....... ဒုနှင့်ဒေး ဖြစ်မည်မှာ မလွဲဟု ကျနော်ထင်မြင်ပါသည်။ လာမည့် ဧပြီလ ၁ ရက်နေ့ တွင် ကြားဖြတ် ရွေးကောက်ပွဲ လာတော့မည်........ ကြိုတင်မဲလည်း ရှိမည်ဟု ကြားသိနေရသည်.........
အများစုကတော့ လွတ်လပ်ပြီး တရားမျှတ မည်ဟုလည်း မြော်လင့်ထားကြသည်.......
ရွေးကောက်ပွဲပြီးသွားလို့  ဒေါ်စု နဲ့  ဘက်တော်သားများ အနိုင်ရသွားပြီ ဆိုပါစို့ ...... လစ်လပ်နေသော ၄၈ နေရာလုံးတွင် အနိုင်ရသွားသည် ဆိုပါစို့ ........
အဆိုပါ အနိုင်ရ ကိုယ်စားလှယ် လွှတ်တော်အမတ်များ ဘာတွေ ဆက်လုပ်ကြမည်နည်း........ လွှတ်တော်ကလည်း နေ့ စဉ် နေ့ တိုင်း မခေါ်........
ဆိုတော့ သူတို့ တွေ ဘာတွေ လုပ်ကြမည်နည်း........
စဉ်းစားစရာတွေက တပုံတပင်.........

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes