မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Tuesday, January 31, 2012

အင်း....သိချင်တာတွေများ..

သူများနိုင်ငံတွေကတော့ မြန်မာနိုင်ငံကြီး ပွင့်လင်းပြီဆိုပြီးတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဘို့ စဉ်းစားကြတယ်... ကြိုတင်ပြင်ဆင်ကြတယ်.. ကျနော်တို့  အစိုးရကကော ဘာတွေများ အဆင်သင့် ပြင်ထားပြီးပြီလဲ မသိဘူး... ယခုတလော ထိုင်းနိုင်ငံက သတင်းစာတွေမှာ မြန်မာ နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဘို့  အထူးပြင်ဆင်နေကြတာ တွေ့ ရပါတယ်...
စင်္ကာပူနိုင်ငံကလည်း အလားတူ ပြင်ဆင်နေတာတွေ တွေ့ နေရပါတယ်...
ပြင်ပ ရင်းနှီးမြုပ်နှံမှုတွေလာရင် အဆင်ပြေအောင် စီးပွားရေး ဥပဒေတွေ ဘာတွေ ပြင်ထားပြီလဲ မသိဘူး.. ငွေးကြေးစနစ်တွေကရော အရင်တိုင်းပဲလား ပြင်ဆင်ပြီးပြီလား... လဘ်ပေးလဘ်ယူ စနစ်တွေကရော ဘယ်လောက်အတိုင်းတာထိ ရှိနေတုန်းလဲ... နိုင်ငံသား တယောက်အနေနဲ့  သိချင်လိုက်တာဗျာ..

သူများနိုင်ငံတွေလို ပွင့်လင်းမြင်သာ ရှိမှုတို့  ... တာဝန်ယူ တာဝန်ခံ စနစ်ရှိမှုတို့ ... ပညာရေး စနစ်ကောင်းမွန်မှု... ကျန်းမာရေး စနစ် စောင့်ရှောက်မှု တို့ ... အခြေခံစီးပွားရေး အဆောက်အဦ (infrastructure) တို့  စသည်စသည်ဖြင့်ပေါ့... ဘာတွေများ ပြင်ဆင်ထားပြီလဲ သိဘူး... နိုင်ငံသား တယောက်အနေဖြင့် သိချင်လိုက်တာဗျာ...

နိုင်ငံတနိုင်ငံ တိုးတက်ကောင်းမွန်ဘို့  ဥပဒေတွေ ကောင်းမွန် ခိုင်မာမှု ရှိရမယ်လို့  နားလည်ထားပါတယ်.. ပြည်သူတွေရဲ့  ပူးပေါင်းပါဝင်မှုကလည်း အရေးပါမှု ရှိတယ်လို့  နားလည်ထားပါတယ်.. တရားဥပဒေ စိုးမိုးရေးလည်း ရှိဘို့ လိုမယ်လို့  နားလည်ထားပါတယ်.. ဒါတွေက အရေးကြီးတဲ့ အကြောင်းအရာတချို့ ပါ... အရေးကြီးတဲ့ အခြားအချက်တွေ အများကြီး ရှိသေးတယ်လို့ လဲ နားလည်ထားပါတယ်...

အပေါ်က အရေးကြီးတဲ့ အချက်တွေ ဘယ်လောက်များများ ခိုင်မာနေပြီလဲ ဆိုတာ ပြည်သူ ပြည်သားတွေ သိအောင် ချပြပေးသင့်တယ်လို့ လဲ ထင်ပါတယ်.. ဒါမှ သာ ပြည်သူတွေ ပြည့်ပြည့်၀၀ ပူးပေါင်း ပါဝင်ပြီး နိုင်ငံကြီး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်...

အင်း....
အင်း..... သိချင်တာတွေကများလှပါကလားကွယ်ရို့ .....


0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes