ဧပြီလ ၂၂ ရက် ၂၀၁၂ ခုနှစ် - ရန်ကုန်တိုင်း သာကေတမြို့နယ်က အသက် ၁၆ နှစ်ကျော်သာ ရှိသေးတဲ့ ၁၀
တန်းကျောင်းသား မောင်စန်းယုနိုင်ဟာ ခလေးစစ်သားအဖြစ် စုဆောင်းခြင်း
ခံနေရပါတယ်။
မောင်စန်းယုနိုင်ဟာ လ္ဘက်ရည်ဆိုင်မှာ ဘောလုံးပွဲ သွားရောက် ကြည့်ရှုရင်း
ဗိုလ်ကြီး ဟန်လင်းဆိုသူက ခေါ်ဆောင်သွားပြီး ခလေးစစ်သားအဖြစ် သွတ်သွင်း
ခဲ့တာပါ။ အခု
မောင်စန်းယုနိုင်ကို မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က စစ်အခြေခံ
စစ်လေ့ကျင့်ရေးတပ် အမှတ် (၇) ကို ပို့ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ILO
ကို သွားရောက်
တိုင်ကြား ထားခဲ့ပေမယ့်လည်း အချိန် ၄ လ ကျော် ကြာသွားသည့်တိုင် အကြောင်း
မထူးသေးဘူးလို့ မောင်စန်းယုနိုင်ရဲ့ အဘိုးဖြစ်သူ ဦးအောင်ငြိမ်းက ဆိုပါတယ်။
ခလေး စစ်သား မောင်စန်းယုနိုင်
http://www.burmavjmedia.net/?p=11037
0 comments:
Post a Comment