Tuesday, 31 January 2012 13:12
စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သော နိုင်ငံတော် သမ္မတ
ဦးသိန်းစိန်၏ ခရီးစဉ်ကာလအတွင်း စင်ကာပူ-မြန်မာ နှစ်နိုင်ငံကြား
စီးပွားရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် ပြည်သူ့ အုပ်ချုပ်ရေးကဏ္ဍ တိုးတက်
ဖွံ့ဖြိုးရေး ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှုများ
ရရှိခဲ့ကြောင်း စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော
သတင်းများအရ သိရှိရပါသည်။ အဆိုပါ သဘောတူညီမှုများ အတွက် စင်ကာပူ-မြန်မာ
နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ
လက်မှတ်ရေးထိုးပွဲကို ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပ
ပြုလုပ်ခဲ့ပြီး စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်တို့၏ ရှေ့မှောက်တွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး
ရှန်မူဂန်နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး...